Friday, March 25, 2016
သမိုင်းဝင်မယ့် မယ်ဇယ်
2 hours ago
တခါတုန်းက ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှာ
အညတရ လူငယ်တစ်ယောက် ဖွါးမြောက်ခဲ့တယ ်
အမှတ်မထင်မြို့က ို စာသင်ရမယ်ထင်ပြီ းပြောင်းခဲ့
ရတယ် အကြောင်းမလှတော့ အထက်တန်းပညာ
သင်ခွင့်မရခဲ့ဘူ း ။
မိခင်ကြီးရဲ့ လုပ်ငန်းမှာ ဝိုင်းကူရင်း ကြီးပြင်းခဲ့
ရတာပေါ့ မဟာဂန္ဓာရုံဆရာတေ ာ်ကြီးပြု စုခဲ့တဲ့
ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ ္မာ
အနာဂတ်သာသနာရေးက ျမ်းစာများဖတ်ပြ ီးတော့
ဘာသာရေးစိတ်ဝင်စ ားခဲ့တယ်။
ဂန္ဓာရုံလယ်ပေါ်ကေ ျာင်းဆရာတော် လမ်းညွှန်မှု နဲ့
မွေးရပ်မြေကို ကျေးဇူးဆပ်ခွင့် ရခဲ့တယ်။
အင်ကြင်းတောဘုရာ းအင်ပြင်တစ်ပတ်ရ အောင်
အရိပ်ကောင်းတဲ့ မယ်ဇယ်ပင် ၁၀၈ပင် စိုက်ခွင့်ရ
ခဲ့တယ် မှတ်မှတ်ထင်ထင် ၁၉၉၂ခု ဇွန်လမှာပေါ့
ဆရာတော်ဦပညာစက္က အမှူးရှိတဲ့ သံဃာ၇ပါး
ပင့်ဆောင်ပြီး ပရိတ်တရားနာပြီး စိုက်ခဲ့တာ
ဒီပွဲမှာ ဦးချစ်သာ(ဘုရား ဂေါပက)က မိုးပရိတ်တောင်း လို့ မဟာဂန္ဓာရုံမဟာနာ ယက
ဆရာတော်ဦးအဂ္ဂ(ေ ကျာက်တော်ကြီး)ဆ ရာတော်က သစ္စာပြု ၍ မိုးများသည်းထံစ ွာရွာခဲ့တယ်
ကြာလေကောင်းလေ သစ်ပင်အရိပ်တွေက
တန်ခူးလဘုရားပွဲ အတွက်အေးရိပ်ခို ရပြီ။
ပြည်ကျော်အထည်ဆိ ုင်ကစိုက်လို့
ပြည်ကျော်မယ်ဇယ် တန်းဆိုပြီး အမည်ပေးခဲ့တယ်
ယခုဆို ၂၄နှစ်ပြည့်ခဲ့ြ ပီ ကောင်းမှု ရှင်လူငယ်လေးလဲ
အဖိုးကြီးဖြစ်သွ ားပြီပေါ့။
မသေခင်စာဂါနုဿ ရိပါွးရင်း သူရင်တွင်းမှာ
နေလည်းရဲရဲ သေလည်းရဲရဲ ပေါ့ သစ်ပင်စိုက်တဲ့
ကုသိုလ်က နဲမှ မနဲဘဲလေ။
သစ်ပင်စိုက်၍ ကုသိုလ်ယူကြပါ။
အညတရ လူငယ်တစ်ယောက် ဖွါးမြောက်ခဲ့တယ
အမှတ်မထင်မြို့က
ရတယ် အကြောင်းမလှတော့
သင်ခွင့်မရခဲ့ဘူ
မိခင်ကြီးရဲ့ လုပ်ငန်းမှာ ဝိုင်းကူရင်း ကြီးပြင်းခဲ့
ရတာပေါ့ မဟာဂန္ဓာရုံဆရာတေ
ရတနာဂုဏ်ရည် ကိုယ်ကျင့်အဘိဓမ
အနာဂတ်သာသနာရေးက
ဘာသာရေးစိတ်ဝင်စ
ဂန္ဓာရုံလယ်ပေါ်ကေ
မွေးရပ်မြေကို ကျေးဇူးဆပ်ခွင့်
အင်ကြင်းတောဘုရာ
အရိပ်ကောင်းတဲ့ မယ်ဇယ်ပင် ၁၀၈ပင် စိုက်ခွင့်ရ
ခဲ့တယ် မှတ်မှတ်ထင်ထင် ၁၉၉၂ခု ဇွန်လမှာပေါ့
ဆရာတော်ဦပညာစက္က
ပင့်ဆောင်ပြီး ပရိတ်တရားနာပြီး
ဒီပွဲမှာ ဦးချစ်သာ(ဘုရား
ဆရာတော်ဦးအဂ္ဂ(ေ
ကြာလေကောင်းလေ သစ်ပင်အရိပ်တွေက
တန်ခူးလဘုရားပွဲ
ပြည်ကျော်အထည်ဆိ
ပြည်ကျော်မယ်ဇယ်
ယခုဆို ၂၄နှစ်ပြည့်ခဲ့ြ
အဖိုးကြီးဖြစ်သွ
မသေခင်စာဂါနုဿ ရိပါွးရင်း သူရင်တွင်းမှာ
နေလည်းရဲရဲ သေလည်းရဲရဲ ပေါ့ သစ်ပင်စိုက်တဲ့
ကုသိုလ်က နဲမှ မနဲဘဲလေ။
သစ်ပင်စိုက်၍ ကုသိုလ်ယူကြပါ။
- Added 2 media to this post.
အရှင်ဝိသာလ အမရပူရ
Thursday, March 24, 2016
ခေတ်အဆက်ဆက် ဆိပ်ခွန်ရွာ သူကြီး၊ ကျေးရွာလူကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ
ခေတ်အဆက်ဆက် ဆိပ်ခွန်ရွာ သူကြီး၊ ကျေးရွာလူကြီး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ
*************************************************
၁။အလောင်းမင်းတရားလက်ထက် - ဓမ္မသူရံ
၂။ဘိုးတော်ဘုရားလက်ထက် - အမျိုးသမီးတစ်ဦး
၃။သာယာဝတီမင်းလက်ထက် - ဦးမဲ
၎။ပုဂံမင်းလက်ထက် - ဦးဗိုလ်ဒုတ် / ဦးသန်း
၅။မင်းတုန်းမင်းလက်ထက် - ဦးထွတ်
၆။သီပေါမင်းလက်ထက် - ဦးကျန်ဘော်
၇။အင်္ဂလိပ်အစိုးရလက်ထက် - ဦးသက်(ချီပါမှ)
ဦးဖိုးလာ(ခေတ္တ)
+ ဦးမှို့
ဦးသောင်
ဂျပန်ခေတ် ဦးဖိုးဆိုင်
ဦးစံဖြိုး
၈။လွတ်လပ်ရေးရပြီးခေတ် - ဦးသိန်း
ဦးစံမြိုင်
ဦးသိန်း(ဒုကြိမ်)
ဦးဉာဏ်ဝန်
၉။တော်လှန်ရေးကောင်စီခေတ် - ဦးမြဒင်
ဦးအောင်ချိန်
ဦးစံညွန့်
ဦးတင်မောင်
ဦးချစ်ထွန်း
၁၀။ဆိုရှယ်လစ်ခေတ် - ဦးချစ်ညို
ဦးပြေသိန်း
ဦးကျော်သန်း
၁၁။နဝတခေတ် - ဦးမြမန်း
+ ဦးမျိုးရွှေ
နအဖခေတ် ဦးတင်မောင်ဝင်း
ဦးတိုက်ကြီးမောင်
၁၂။ဒီမိုကရေစီခေတ် (အတု) - ဦးတင်ဝင်း
၁၃။ဒီမိုကရေစီခေတ်(အစစ်) _ ဦးမျိုးမင်းထွေး
*************************************************
၁။အလောင်းမင်းတရားလက်ထက် - ဓမ္မသူရံ
၂။ဘိုးတော်ဘုရားလက်ထက် - အမျိုးသမီးတစ်ဦး
၃။သာယာဝတီမင်းလက်ထက် - ဦးမဲ
၎။ပုဂံမင်းလက်ထက် - ဦးဗိုလ်ဒုတ် / ဦးသန်း
၅။မင်းတုန်းမင်းလက်ထက် - ဦးထွတ်
၆။သီပေါမင်းလက်ထက် - ဦးကျန်ဘော်
၇။အင်္ဂလိပ်အစိုးရလက်ထက် - ဦးသက်(ချီပါမှ)
ဦးဖိုးလာ(ခေတ္တ)
+ ဦးမှို့
ဦးသောင်
ဂျပန်ခေတ် ဦးဖိုးဆိုင်
ဦးစံဖြိုး
၈။လွတ်လပ်ရေးရပြီးခေတ် - ဦးသိန်း
ဦးစံမြိုင်
ဦးသိန်း(ဒုကြိမ်)
ဦးဉာဏ်ဝန်
၉။တော်လှန်ရေးကောင်စီခေတ် - ဦးမြဒင်
ဦးအောင်ချိန်
ဦးစံညွန့်
ဦးတင်မောင်
ဦးချစ်ထွန်း
၁၀။ဆိုရှယ်လစ်ခေတ် - ဦးချစ်ညို
ဦးပြေသိန်း
ဦးကျော်သန်း
၁၁။နဝတခေတ် - ဦးမြမန်း
+ ဦးမျိုးရွှေ
နအဖခေတ် ဦးတင်မောင်ဝင်း
ဦးတိုက်ကြီးမောင်
၁၂။ဒီမိုကရေစီခေတ် (အတု) - ဦးတင်ဝင်း
၁၃။ဒီမိုကရေစီခေတ်(အစစ်) _ ဦးမျိုးမင်းထွေး
ရွှေဘိုမြို့၏ ထင်ရှားသော စေတီပုထိုးများ
ရွှေဘိုမြို့ ပတ်ဝန်းကျင်ကား အလောင်းမင်းတရားကြီး၏ မွေးရပ်ဇာတိဖြစ်ခဲ့ပြီး အလောင်းမင်းတရားကြီးမှစ၍ ကုန်းဘောင်မင်းဆက် မင်းသုံးပါး စိုးစံခဲ့ရာ နေပြည်တော်ဖြစ်သည့်အချိန်က လျှမ်းလျှမ်းတောက် ကောင်းစားခဲ့သောဌာနဖြစ်သောကြောင့် ထင်ရှားသော စေတီပုထိုး ကိုးကွယ်စရာ ပေါများခဲ့ပါသည်။
၁။လမ်းလည်ဘုရား
၂။ဇမ္ဗူဆီမီးဘုရား
၃။ရွှေတန်ဆာဘုရား
၎။ရွှေခြင်္သေ့ဘုရား
၅။နေရဗန်ဘုရား
၆။ဆုတောင်းပြည့်ဘုရား
၇။ရွှေကူကြီးဘုရား
၈။သက်တော်ရှည်သက်တော်ရ
၉။ရွှေပေါ်ကျွန်းဘုရား
၁၀။ရွှေသိမ်တော်ဘုရား
၁၁။ရွှေချက်ကျ ( ရွှေချက်သို )
၁၂။ဖောင်တော်ဦးဘုရား
၁၃။မော်ဓောမြင်သာစေတီတော်ဘုရား
၁၄။ပခမ်းဘုရား
၁၅။လောကမာရဇိန်
၁၆။ရွှေကြက်တောင်ဘုရား
၁၇။စိန်ဘုရား
၁၈။ဗိုလ်မောင်ဘုရား
၁၉။ချမ်းသာကြီး ချမ်းသာရ ဘုရား
၂၀။ကုန်းဘောင်ဦးထိပ်ဘုရား
၂၁။အောင်မြေဘုရား
၂၂။ရွှေလင်းပင်ဘုရား
၂၃။နိဗ္ဗာန်ဆိပ်ဦးဘုရား – တို့ဖြစ်ပါသည်။
၁။ လမ်းလည်ဘုရား။ ။ဤဘုရားမှာ ရှေးဟောင်းဘုရားမဟုတ်ပါ။ ဦးတိုက် အမည်ရှိသော ဒကာတစ်ဦးမှ တည်ထား၍ ပထမ ဦးတိုက်ဘုရားဟု အမည်တွင်ခဲ့သည်။ နောက်ပိုင်းတွင် အရပ်မှ ၀ိုင်းဝန်းပါဝင် တိုးချဲ့ ကုသိုလ်ပြုကြပြီး လမ်းသုံးဖက်ရံနေသောကြောင့် လမ်းလည်ဘုရားဟူ၍ ခေါ်ဝေါ် လာကြခြင်းဖြစ်သည်။
၂။ဇမ္ဗူဆီမီးဘုရား။ ။အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ မိဘုရားခေါင်ကြီး ခင်ယွန်းစံ၏ မိဘများဖြစ်ကြသော ဦးဖြိုးမြ မယ်ပလောင် တို့တည်ထားကိုးကွယ်ခဲ့ပါသည်။ အမတ်ကြီး လက်ဝဲသုန္ဒရ ရေးသားသော နာမည်ကျော် မဲဇာတောင်ခြေရတုပါ “ဘိုးတော်ကောင်းမှု၊ တည်ထားပြုသည်၊ ဇမ္ဗူဆီမီး၊ ခြောက်ရောင်ညီးမျှ၊ ကူကြီးသခင်၊ ရွှေလင်းပင်နှင့် ရွှေခြင်္သေ့မွေ စ၍ ရေသော်၊ ရွှေစေတီကြီး၊ အသီးသီးတည့်” ဟူသော စာပိုဒ်မှ စေတီငါးဆူအနက် ပထမဆုံးစေတီဖြစ်ပါသည်။ အလောင်းမင်းတရားကြီး၏ သားတော် ဆင်ဖြူရှင် လက်ထက် ရေးသားသော ရတုဖြစ်၍ ဘိုးတော်ကောင်းမှု ဆိုသည်မှာ ဘိုးတော်တော်စပ်သူ ဦးဖြိုးမြကို ရည်ညွှန်ကြောင်းလေ့လာရပါသည်။
၃။ရွှေတန်ဆာဘုရား။ ။ဆင်းတုတော်ကိန်းဝပ်စံပယ်ရာ လိုဏ်ဂူတော်နှင့်တကွ တည်ဆောက်ထားသော ဂူပုထိုးဖြစ်ပါသည်။ အောက်ခြေတွင် လေးထောင့်သဏ္ဌာန် ကုလားကျောင်းခံပြီးမှ စေတီထပ်ဆင့်တည်ထားခြင်းဖြစ်၍ ဖိနပ်တော်မှ ထီးချရားသီးအထိ ဉာဏ်တော်မှာ ၄၂တောင် မြင့်ပါသည်။ ဘုရားဒါယကာမှာ အလောင်းစည်သူမင်းဖြစ်သည်။ ရွှေတန်ဆာဗုဒ္ဓရုပ်ပွားတော်မှာ ဉာဏ်တော်မှာ နှစ်ထောင့်တစ်ထွာရှိပြီးလျှင် တစ်မူထူးခြားသော သဏ္ဌာန်တော်ရှိပါသည်။ တပ်ဆင်ပူဇော်ထားသော စလွယ်တော်ကြီး ပယ်ရှားပြီး အနီးကပ်ဖူးမြော်ပါက မင်းသားများ ၀တ်ဆင်သကဲ့သို့ ထိုင်မသိမ်းအင်္ကျီနှင့်တကွ တံတောင်စည်း လက်ကြပ်များဖြင့် ပီပီသသ ထုလုပ်ထားကြောင်း ဖူးမြင်ရပါသည်။
၎။ရွှေခြင်္သေ့ဘုရား။ ။ ရှေးဟောင်းစေတီတစ်ဆူဖြစ်ပါသည်။ ဘုရားဒါယကာမှာ အလောင်းမင်းတရားကြီး၏ ဘေးတော်စပ်သူ ဦးဘိုးမင်း တည်ထား ကိုးကွယ်ခဲ့သော စေတီဖြစ်သည်။ဘုရားရှင်၏ ဓါတ်တော်မွေတော်များ ကိန်းဝပ်ဌာပနာထားကြောင်း သိမှတ်ရပါသည်။စေတီမှာ ဉာဏ်တော်မှာ မမြင့်မားလှပါ။ ဖိနပ်တော်မှ ထီတော်အထိ ၂၄ တောင်မျှသာ ရှိပါသည်။
၅။နေရဗန်ဘုရား။ ။နေရဗန်ဘုရား၏တည်နေရာမှာ ရွှေဘိုမြို့၏ အနောက်တောင်ဘက်ယွန်ယွန်းတွင် ရှိပါသည်။ အောက်ခြေဖိနပ်တော်မှ ထီးတော်အထိ ဉာဏ်တော် ၃၆ တောင် နှင့် ၉ လက်မရှိပါသည်။ သက္ကရာဇ် ( ၅၇၃ ) ခုနှစ်တွင် ပေါက္ကံပြည်၏ မင်းငါးဆယ့်တစ်ဆက်မြောက်ဖြစ်သော ဇေယျသိင်္ခနန်းတောင်းများမင်း က မင်းလောင်းပေါ်မည်ဟု အတိတ်သဘောင်ပေါ်လာ၍ ယတြာကြီးချေသည့်အနေဖြင့် ဤ မုဆိုးဖို အရပ်တွင် မုဒ်ငါးခုပါရှိသည့် ဘုရားကိုတည်ခဲ့ပါသည်။
ဤဘုရားတွင် ယတြာချေရန် လာရောက်၍ နေရဖန်များသဖြင့် “ နေရဘန်” ဟုခေါ်တွင်ကြောင်း၊ ကာလရွေ့လျော၍ နေရဗန်ဟု ပြောင်းလဲခေါ်တွင်သွားကြောင်းလည်း လေ့လာခဲ့ရပါသည်။
တချို့ကမူ နေရပ်ကိုပြန်ခြင်းကို အစွဲပြု၍ နေရပ်ပြန် ဘုရား၊ နောင်အခါ နေရဗန်ဟု ၎င်း ခေါ်တွင်သည်ဟု ဆိုပြန်ပါသည်။
ပုဂံခေတ် အသံထွက်စနစ်အတိုင်း ယူဆသော် နိဗ္ဗာန်ဘုရားဟု ခေါ်တွင်သည်သာဖြစ်ပေမည်။
၆။ဆုတောင်းပြည့်ဘုရား။ ။ရွှေဘိုမြို့၏ အနောက် ဆိပ်ခွန်လမ်းအထွက်တွင်တည်ရှိပြီး အလောင်းမင်းတရားကြီး၏ ယောက္မ ဦးဖြိုးမြ-မယ်ပလောင်တို့တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်းစေတီတစ်ဆူဖြစ်သည်။ ထောင့်လေးထောင့်ရှိ စေတီရံလေးဆူ၏ အလယ်တည့်တည့်၌ ဉာဏ်တော်ငါးပေရှိ သစ်သားကို ရွှေပိန်းချပြီး တည်ထားသော ဘုရားဖြစ်သည်။
ရုပ်ပွားတော်၏ထူးခြားချက်မှာ တင်ပလ္လင်ခွေထားပြီး ရင်ခွင်၌ပိုက်ထားသော ဘယ်ဘက်လက်ချောင်းတော်မှာ ခြောက်ချောင်းပါရှိပြီး ညာဘက်လက်ချောင်းတော်မှာ ငါးချောင်းပါရှိပါသည်။
၇။ရွှေကူကြီးဘုရား။ ။အလောင်းမင်းတရားကြီး၏ ခမည်းတော် မယ်တော်များဖြစ်သော မင်းညိုစံနှင့် စောညိမ်းဦးတို့ တည်ထားကိုးကွယ်သောဘုရားဖြစ်သည်။ မဲဇာတောင်ခြေရတုပါ “ကူကြီးသခင်” ပင်တည်း။
၈။သက်တော်ရှည်သက်တော်ရ။ ။ ရွှေဘိုမြို့လယ်ရှိ ရွှေတန်ဆာဘုရား၏ မြောက်ဘက်တွင် တည်ရှိသော ရှေးဟောင်းဘုရားတစ်ဆူဖြစ်သည်။
၉။ရွှေပေါ်ကျွန်းဘုရား။ ။ရွှေပေါ်ကျွန်းဘုရားမှာ နှစ်ဆူရှိပါသည်။ တစ်ဆူမှာ ရွှေဘိုမြို့၏ ဈေး အရှေတည့်တည့်တွင် တည်ရှိပါသည်။ ရှေးဟောင်းဘုရားတစ်ဆူဖြစ်သော်လည်း မူလ ဒါယကာ၏ အမည်ကို မသိရပါ။ဒုတိယတစ်ဆူမှာ ရွှေဘိုမြို့၏ အရှေ့မြောက်အရပ်ရှိ မြို့ပြင်၌တည်ထားသော ကန်တွင်းရွှေပေါ်ကျွန်းဘုရားဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၂၂ တွင် နန်းတက်သော နောင်တော်ကြီးမင်း ( အလောင်းမင်းတရား၏သားတော်ကြီး၊ ငယ်မည် မောင်လောက် ) တည်ထားကိုးကွယ်ခဲ့သော စေတီဖြစ်သည်။
ပင်မစေတီကြီး၏ ထောင့်လေးထောင့်၌ နောင်တော်ကြီးမင်း ၏ မိဘုရားလေးပါး၏ ကုသိုလ် စေတီရံလေးဆူကိုလည်းမြင်တွေ့ဖူးမြော်နိုင်သည်။
၁၀။ရွှေသိမ်တော်ဘုရား။ ။ပုဂံနရပတိစည်သူမင်းကြီး၏ ကုသိုလ် ဉာဏ်တော် ၄၉တောင်နှင့် ၉လက်မ အမြင့် ရှိသော ဘုရားဖြစ်သည်။ရှေးကာလက ရဟန္တာအရှင်များကံကြီးကံငယ် ဆောင်တော်မူခဲ့သော ဘုရားတစ်ဆူဖြစ်သည်။ ယခုလက်ရှိ ချိတ်ဆွဲထားသော ခေါင်းလောင်းကြီးနှစ်ခုပေါ်တွင် ပုဂံနရပတိစည်သူမင်းကြီး၏ ကုသိုလ်ဖြစ်ကြောင်းသမိုင်းအထောက်အထားများ ရှာဖွေတွေ့ရှိနိုင်သည်။
ရွှေသိမ်တော်စေတီ၏ထူးခြားချက်မှာ တံတိုင်းသုံးထပ် ပတ်ရံလျက်ရှိခြင်းဖြစ်သည်။
၁၁။ရွှေချက်ကျ ( ရွှေချက်သို )။ ။ အလောင်မင်းတရားကြီး၏ ဇာတိချက်ကြွေမွေးရပ်မြေ၏ အထိမ်းအမှတ်အဖြစ် မြန်မာသက္ကရာဇ် ၁၁၁၅ခုနှစ် တွင် ရတနာသိင်္ဃမြို့တော်နှင့် အတူ ခုနှစ်ဌာနတစ်ပြိုင်တည်း တည်ဆောက်ခဲ့သောအရာများထဲမှတစ်ခုဖြစ်သည်။ ဉာဏ်တော်အမြင့်ပေ ၆၉တောင် ရှိ၍ ထိုခေတ်အခါက ဉာဏ်တော်အမြင့်ဆုံးစေတီတစ်ဆူဖြစ်သည်။
ယနေ့ ရွှေချက်သိုစေတီသို့ ဖူးမြော်ရန် သွားရောက်ပါလျှင် အလောင်းမင်းတရားကြီး တစ်နေ့တည်းတည်ဆောက်သော ခုနှစ်ဌာနအနက် နှစ်ဌာနကို တစ်နေရာတည်း လေ့လာနိုင်ပါသည်။ ၎င်းနှစ်ဌာနမှ (၁) ရွှေချက်သိုစေတီ (၂) ပဟိုခေါင်းလောင်းတို့ဖြစ်ပါသည်။ ပဟိုရ်ခေါင်းလောင်းတော်မှာ စေတီ၏ အရှေ့တောင်ယွန်းယွန်း၌ရှိသော စည်တော်စင်ဟု ကျောက်ပြားကပ်ထားသော စင်မြင့်ကြီးပေါ်သို့ တက်ရောက်သွားလျှင် တွေ့ရပါမည်။
မြို့နန်းတည်စဦးက အချိန်နာရီကို လျှောက်ထားရန် ပဟိုရ်စင်တစ်ဌာန ထည့်သွင်းတည်လုပ်ခဲ့၍ ယင်းပဟိုရ်စင်မြင့်ကြီးပေါ်၌ ပဟိုရ်ခေါင်းလောင်းကြီးသည် ပဟိုရ်စည်ကြီးနှင့် အတူ တွဲလျက်တည်ရှိခဲ့သည်။
ယင်း၏ အတိုင်းအတာမှာ အစောက် ၃ပေ၊ ၃လက်မ ၊ လုံးပတ်၆ပေ နှင့် ၁၁လက်မ၊ဒု ၃လက်မတိတိရှိပါသည်။
၁၂။ဖောင်တော်ဦးဘုရား။ ။ရွှေဘိုမြို့၏ အရှေ့မြောက်ယွန်ယွန်း၌ မောဓောမြင်သာစေတီ အနီး တွင်တည်ရှိသည်။ နရပတိစည်သူမင်းကြီး ဖောင်စကြာဖြင့် တိုင်းခွင်လှည့်လည်ရောက်ရှိချိန်က ဖောင်တော်ဆိုက်ရာအရပ်၏ အထိမ်းအမှတ်အဖြစ်တည်ထားခဲ့ကြောင်းအဆိုရှိသည်မှ တစ်ပါး ဒါယကာကို ခိုင်လုံစွာ မသိရပါ။
၁၃။ပခမ်းဘုရား(ရွှေဘုံသာ)။ ။ရွှေဘိုမြို့၏ အရှေ့တောင်ထောင့်အရပ်၌ ပထမ မင်းခေါင် သည် ဉာဏ်တော်အမြင့် အတောင် ၇၀နှင့်၉လက်မရှိပါသော ပခမ်းဘုရာကို တည်ထားခဲ့ပါသည်။သိုသော် ပခန်းမင်းကြီး ဦးနှောင်းက ထပ်ဆင့်ပြင်ဆင်သောကြောင့် မူလဘွဲ့အမည် “ရွှေဘုံသာ” ပျောက်ပြီး ပခန်းဘုရားဟုသာခေါ်တွင်နေပါသည်။
ရှေးအခါက ယင်းဘုရားပွဲတော်၌ ဒုံးလွှတ်လေ့ရှိသောကြောင့် ဒုံးဘုရားကြီးဟုလည်း တစ်မျိုး ခေါ်ကြပါသေးသည်။
၁၄။လောကမာရဇိန်။ ။ဤဘွဲ့တော်ဖြင့် ယနေ့လက်ရှိ ရွှေဘိုမြို့တွင် ဘုရားနှစ်ဆူ ရှိသည်။ မူလရှိနှင့် ပြီးသောလောကမာရဇိန်ဘုရားသည် အနောက်ဈေးရပ်၌ တည်ရှိပြီး ယင်းကို အရှေ့လောကမာရဇိန် (သုံးဆူကုန်းဘုရား ) ဟု ခေါ်ပါသည်။မြို့၏ အနောက်အစွန်တွင် နှစ်များ မကြာမီက တည်ထားသော လောကမာရဇိန်ဘုရားကိုကား အနောက် လောကမာရဇိန်ဟု ခွဲခြားခေါ်ဝေါ်ကြပါ
မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များ
Tuesday, March 26, 2013
မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များ
သက္ကရာဇ် ၁၂၁၉ - ခုနှစ်တွင် မင်းတုန်းမင်း တရားကြီးသည် မန္တလေးတောင် အနီး မြေကောင်း မြေမြတ် လက္ခဏာနှင့်ပြည့်စုံ၍ လူမျိုးစုံတို့၏ မျက်စိကိုဆွဲဆောင်နိုင်သော မြို့၏ တန်ဆာလက္ခဏာတို့ဖြင့် ခြံရံကာ အထူးထူးသော ရတနာတို့နှင့် ပြည့်စုံ၍ လူမျိုးစုံကုန်သည်တို့၏ စုဝေးပေါင်းစုံရာ ဖြစ်သော ရတနာပုံမည်သော ရာဇဌာနီ မင်း နေပြည်တော်ကြီးကို တည်ထောင်တော်မူသည်။မင်းတုန်းမင်းတရားကြီးသည် တရားကို မြတ်နိုး၍ တရားကိုကျင့်သော ဓမ္မစာရီဖြစ်တော်မူသဖြင့် တိုင်းသူ ပြည်သားတို့သည်လည်း တရားတော်ကို မြတ်နိုးခင်တွယ် စင်ကြယ်သော ဓမ္မစာရီများ ဖြစ်ကြကုန်သည်။ ထို့ကြောင့် ရဟန်း သံဃာများနှင့် ပြည်သူအပေါင်းတို့က နှစ်ထောင်းအားရ ၀မ်းမြောက်ကြလျက် သာသနာတော်ကြီးသည်လည်း နေလို လလို ထွန်းလင်းပြောင်ခဲ့ရလေသည်။

မင်းတုန်းမင်းတရားကြီး၏ တောင်ညာစံ မိဖုရားခေါင်ကြီးသည်လည်း ကုသိုလ်တရားတို့ကို အမြဲအားထုတ်၍ ပိဋကတ်ကျမ်းစာများကို အမြဲမပြတ် သံအံကျက်မှတ်တော်မူလေ့ ရှိသည်။
သက္ကရာဇ် ၁၂၃၀ ပြည့် ပြာသိုလမှစ၍ မင်းတုန်းမင်းတရားကြီးသည် ဘုရားဟော ပါဋ္ဌိတော် အဌကထာဋီကာ ကျမ်းများကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးဖြင့် ရေးသားပြီးလျှင် ပိဋကတ်တိုက်တော်သို့ သွင်းတော်မူ သည် ။ ပေစာတို့ မည်သည်ကာ လျင်မြန်စွာ ပျက်စီးတတ်သော သဘောရှိရကား သာသနာ ၅၀၀၀ ကာလ တိုင်အောင် တည်တံ့စေခြင်းငှာ မင်းအဆက်ဆက် မပြုလုပ်ဖူးသော စကျင်တောင်မှ ဖြစ်သည့် သလင်းကျောက်ဖြူတော် များကို တူးဖော်ခွဲစိတ်ချောမွတ် စေ၍ ရွှေနန်းတော်အတွင်း၌ တန်ဆောင်းကြီး ဆောက်လုပ်ပြီးလျှင် ကျမ်းတက် ကျမ်းပြု သီလသမာဓိနှင့် ပြည့်စုံတော် မူသော အရှင်ဇာဂရာဘိဝံသ တိပဋဓရ မဟာဓမ္မရာဇာဓိရာဇဂုရု၊ ဘုရားကြီးဆရာတော် အရှင်နရိန္ဒာဘိသီရိသဓမ္မ ဇောတိ ပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု၊ ဆီးဘန်းနီဆရာတော် အရှင်သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇ ရာဇာဂုရု ဆရာတော် သုံးပါးနှင့်တကွ အတွင်းဝန် ခန်းပတ် မြို့စားကြီး မဟာဥဇနာ၊ ယောမြို့စားကြီး မင်းလှမဟာစည်သူ၊ သံတော်ဆင့် မိုင်းခိုင်း မြို့စား မဟာသီရိဇေယျသူ၊ သံတော်ဆင့် နေမျိုးရာဇစည်သူတို့ကို စာပြင်ဆင်မှု၌ အကြီးအမှူး ပြုလုပ်စေ၍ ( ၅ ) နှစ်ကျော် ထုလုပ်စေပြီးလျှင်၊ ၀ိနည်းငါးကျမ်း ပါဋ္ဌိတော် ကျောက်ချပ်ရေ ( ၂၀၈ ) ချပ်တို့ကို ကုသိုလ်တော် မဟာလောကမာရဇိန် ဘုရား အတွင်း၌ အုတ်ပြသာဒ်ဂူ ( ၇၂၈ ) လုံးကို တည်၍ ကျောက်ချပ်တို့ကို ထည့်သွင်းပြီးလျှင် သေလက္ခရ ကျောက် ထက်အက္ခရာ တင်ထား ကိုးကွယ်တော်မူခဲ့သည်။
သက္ကရာဇ် ၁၂၃၃ ခု၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်နေ့တွင် မန္တလေးရွှေမြို့တော်မှ ဆရာတော် သံဃာတော် အပါး ( ၂၄၀၀ ) ကို စာပြန်ဆိုရန် အပိုင်းကဏ္ဍခွဲခြားထား၍ လေ့ကျက်ထားစေသော ဆင်စွယ်တံဆိပ်တော်ရ ဆရာတော် အပါး ( ၆၂၀ )တို့သည် ကိုယ့်အပိုင်းနှင့်ကိုယ် စုပေါင်းညီညာရွတ်ဆိုသဖြင့် ပဉ္စမ သင်္ဂါယနာ တင်ပွဲကြီးကို ဆရာဒကာ ညီညွတ်စွာဖြင့် အောင်မြင်ပြီးမြောက် ဆင်နွှဲခဲ့ကြပါသည်။
ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ကုသိုလ်တော်၌သာ မွေ့လျော်တော်မူသည့်အတိုင်း မြန်မာပြည် အနှံ့ သာသနာ့ကျက်သရေကို ဆောင်နိုင်သော ဘုရားတန်ဆောင်း ဂူကျောင်း ပြသာဒ် အရပ်ရပ်တို့ကိုလည်း လှူဒါန်းတော် မူသည်။
မန္တလေးတောင်စောင်းတန်းတော်ကြီးနှင့် တောင်ပေါ်ရှိ ရွှေရပ်တော်ကြီးဘုရား၊ မဟာသကျ မာရဇိန် ကျောက်တော် ကြီး ဘုရား၊ အရှေ့စန္ဒာမုနိဘုရား၊ လောကမာရဇိန် ကုသိုလ်တော်စေတီတော်ကြီး၊ ရန်ကင်းတောင်ခြေ၊ ထူပါရာမကျောက်စေတီတော်၊ ဘုရားပွင့်တော်မူရာ အိန္ဒိယမဇ္စျိမဒေသ ဗောဓိပင်အနီးတွင် ( ၆ ) ခန်းတွဲ အုတ်ဇရပ်ကြီး ဆောက်လုပ်လှူဒါန်းခြင်း၊ တူရကီနိုင်ငံမကာမြို့၌ စတုဒိသာတည်းခိုရန် အုတ်ဇရပ်ကြီး၊ စကုမြို့ စက်တော်ရာ ပါဒစေတီတွင် ရွှေဆိုင်း ( ၇၀၀၀ ) ကျော် မွမ်းမံဆောက်လုပ်သည့် ပြာသာဒ်ကြီး၊ မန္တလေး သုဓမ္မာဇရပ်တော်ကြီး ပဋ္ဌာန်းဟော သိမ်ဇရပ်တော်ကြီး၊ မန္တလေး မဟာဝိဇရာယာမ တိုက်တော်ကြီးအတွင်း၌ အတုမရှိ အုတ်ကျောင်းတောင်ကြီး၊ မန္တလေး တောင်ခြေ၌ ပိဋကတ်တိုက်တော်ကြီး၊ မဟာအတုလ ဘုံစံ ရွှေကျောင်းတော်ကြီး၊ ကျောင်းအရံ ၂၀ ကျော်နှင့်တကွ မဟာ ဇောတိကာရာမတိုက် ရတနာ ဘုံစံကျောင်းတော်၊ ရှမ်းကလေးကျွန်းတွင် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်၊ ကုသိုလ်တော် ဘုရား ပတ်လည်တွင် အုတ်ဇရပ်တော် ၃၆ ဆောင်၊ မြို့တော်အတွင်း ပြည်သူပြည်သားတို့ ဥပုသ်စောင့်ရန် ဇရပ်တော် ၁၁ ခု၊ မြို့တံခါး ၁၂ ရပ်တွင် ဆောက်လုပ်ထားသည့် တရားတင်းကုတ် ၁၂ ခု စသည့် လှူဒါန်းထားသော ဇရပ် တန်ဆောင်းတို့မှာ များပြားလှပေသည်။
ထို့အပြင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သက္ကရာဇ် ၁၁၃၆ ခု၊ တပေါင်းလပြည့်နေ့
( 15.3.1775 ) က ဆင်ဖြုရှင်မင်းကြီး၏ ရွှေထီးတော်သည် ၉၅ နှစ်အကြာကာလ၌ ဟောင်းနွမ်းချို့ယွင်း လာခဲ့ သဖြင့် ထီးတော်အသစ် လဲလှယ်တင်လှူရန် အခါအခွင့် သင့်ပြီဖြစ်ကြောင်း ရန်ကုန်မြို့နေ ဆရာတော် သံဃာတော် အရှင် သူမြတ်များ ဘဏ္ဍာတော်ထိန်း အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့နေ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ ညှိနှိုင်း တိုင်ပင် ကာ မိမိတို့ အင်အားဖြင့် ထီးတော်သစ်တင်လှူရန် မဖြစ်နိုင်သောကြောင့် ရတနာပုံ မန္တလေးနေပြည်တော်မှ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးထံသို့ သံတော်ဦး တင် လျှောက် ထားခဲ့ကြလေသည်။
မင်းတုန်းမင်းတရားကြီးသည် ဗြိတိသျှအာဏာပိုင်များ၏ မြန်မာဘုရင်ကိုယ်တိုင် ထီးတော်တင်ခွင့်မရှိဟူသော ဆုံးဖြတ်ချက်ကို ဘာသာရေးသာသနာရေးကိစ္စဖြစ်၍ ခွင့်လွှတ်လက်ခံခဲ့ပြီး ဘုံခုနှစ်ဆင့်ပါသော ထီးတော် သစ်ကြီး ကို သံချက်ဝန်ပညာသိဒ္ဓိကျော်သူ ဦးမှို အား ကြီးကြပ်ဆောင်ရွက်စေခဲ့ရာ ၁၈၁၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ တွင် အောင်မြင်ပြီးစီးခဲ့သည်။
မင်းတုန်းမင်းတရားကြီး လှူဒါန်းသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေထီးတော်သစ်ကြီသည် ဘုံခုနှစ်ဆင့် အနက် အောက်ဆုံးပထမဘုံသည် အချင်း ( ၁၄ပေ၊ ၉ လက်မ ) ကျယ်၍ အမြင့် ( ၂ပေ၊ ၆ လက်မ ) ရှိသည်။ ဘုံဆင့် များသည် အထက်သို့မြင့်လေ ကျဉ်းမြောင်းသွာလေဖြစ်ရာ ထိပ်ဆုံး သတ္တမဘုံသည် အချင်း ( ၃ ပေ၊ ၄ လက်မခွဲ ) ကျယ်၍ အမြင့်( ၂ ပေ၊ ၆ လက်မ ) ရှိသည်။ ထီးတော်သစ်ကြီးကို ရွှေသားအချိန် ( ၂၀၂၂၂၉ ) ကျပ် ( ၄ ) မူးသားဖြင့် ပြုလုပ် ထားပြီး န၀ရတ်ကိုးပါးနှင့် ကျောက်ကောင်း၊ ကျောက်မြတ်များ အလုံးပေါင်း ၃၆၄၁၁ လုံး ပါဝင်ပါသည်။
မင်းတရားကြီးသည် မင်း၊ မိဖုရားစုံညီစွာဖြင့် ရွှေနန်းတော်ကြီးအတွင်း၌ ထီးတော်သစ်ကြီးကို ကြည်ညို ပူဇော်ပြီး ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ ( ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ မြောက်ဘက်တွင် မင်းတုန်းမင်းကြီးကုသိုလ်ဖြစ်သော ထီးတော်ဟောင်းကြီးကို တွေ့မြင်နိုင်သည်။ )
ထီးတော်သစ်ကို ပုပ္ပါး ၀န်ထောက် မင်းကြီး မဟာမင်းကျော်မင်းထင် ဦးဆောင်သော ထီးတော်ပင့်ဆောင် တင်လှူ ရေး အဖွဲ့အား မန္တလေးနေပြည်တော်မှ အင်္ဂလိပ်တို့သိမ်းပိုက်ထားသော အောက်မြန်မာပြည် ရန်ကုန်မြို့သို့ ရေနန်းစကြာ သင်္ဘောဖြင့် ပင့်ဆောင်စေပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၈၇၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အောင်မြင်စွာ တင်လှူ စေခဲ့ပါကြောင်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များကို မှတ်တမ်းပြု တင်ပြ အပ်ပါသည်။
မင်္ဂလာဝင်း
Subscribe to:
Posts (Atom)

